ပင်မစာမျက်နှာများ

Sunday, November 3, 2013

အမျိုးသမီးသန့် စင်ခန်းရှေ့ CCTV တပ်ဆင်ခြင်းကြောင့် အထည်ချုပ်လုပ်သားများ ဆန္ဒပြ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (စက်မှုဇုန်) ပန်းတဉ်းဝန်ဦးရွှေတင်  လမ်းရှိ MYANMAR HAND SOME အမည်ရှိအထည်ချုပ် စက်ရုံမှ အလုပ်သမား ၁၅၀ ခန့် သည်အောက်တိုဘာ ၃၁ ရက် နေ့တွင် အဆိုပါစက်ရုံရှေ့၌ ဒုတိယအကြိမ်အဖြစ်ဆန္ဒပြခဲ့ ကြောင်း သိရသည်။
ဒုတိယအကြိမ်ဆန္ဒပြရခြင်း  မှာ အလုပ်သမားခေါင်းဆောင် (၇) ယောက်အနက်မှတစ်ဦးဖြစ် သူကိုစည်သူမင်းကို အလုပ်မှထုတ် ခြင်း၊ အမျိုးသမီးသန့်စင်ခန်းရှေ့ တွင် (အပေါ်စီးမှ) CCTV ကင်မရာ  တပ်ထားခြင်းတို့ကြောင့် မိန်းကလေး   များ မလွတ်လပ်၍ ဆန္ဒပြရခြင်း  ဖြစ်ကြောင်း အလုပ်သမားမနွဲရီဝင်း  မှ ပြောပြပါသည်။
အလုပ်ရှင် (ကိုယ်စား) မန်နေဂျာက အဆိုပါအလုပ်ထုတ် ခံရသော ကိုစည်သူမင်းသည်အပြစ်ကြိမ်ရှိ၍ ခံဝန်လက်မှတ်ထိုး ထားကြောင်း အလုပ်မှထုတ်ဖြစ် ခြင်းအတွက် အလုပ်သမားနစ်နာ  ကြေးပေးမည်ဖြစ်ကြောင်းပြောပြ ပါသည်။
အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းကပြောပြရာတွင်   အောက်တိုဘာ (၈) ရက်နေ့က ဆန္ဒပြခြင်းအပေါ်အောက်တိုဘာ (၂၆) ရက်နေ့တွင် အလုပ်ရှင်က အလုပ်မှထုတ်ပစ်၍ မြို့နယ်အလုပ်  သမားညွှန်ကြားမှူးဦးစီးဌာနသို့ သွားရောက်တိုင်ကြားရာ ဒဂုံအရှေ့ စက်မှုဇုန်အလုပ်သမားရုံးကနောင် ခမ်းမတွင် (၃) ကြိမ်တိတိ ညှိုနှိုင်း ဖျန်ဖြေပေးသော်လည်း အလုပ် ရှင်ကအလုပ်ပြန်မခန့်နိုင်ကြောင်း ပြောဆိုသဖြင့်အလုပ်သမားညှိုနှိုင်း ဖျန်ဖြေရေးအဖွဲ့က “ခုံသမာဓိ”သို့ ဆက်လက်တင်ပြသွားမည်ဖြစ် သည်။

No comments:

Post a Comment