ပင်မစာမျက်နှာများ
Tuesday, December 16, 2014
International Migrant Day in Yangon
အပြည်ပြည်ဆိုင်ရာရွှေ့ ပြောင်းအလုပ်သမားများနေ့ အခမ်းအနားကို ILO ရဲ့ ပံ့ပိုးကူညီမူဖြင့်အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ၊အလုပ်သမားသမဂများ၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ရွှေ့ ပြောင်းအလုပ်သမားအဖွဲ့ အစည်း၊လူမူရေးအဖွဲ့ အစည်းများမှ စုပေါင်းပြီးရန်ကုန်မြို့ မှာကျင်းပခဲ့ပါတယ်။
Today, the EU hosted a meeting at EU Offices with Human Rights defenders in Myanmar.
The tireless and selfless work of Human Rights Defenders is vital for the ongoing reform process in Myanmar. One of the many ways they can contribute is by holding political actors accountable and making sure that they follow international norms.
The EU is determined to work with Human Rights Defenders in Myanmar to create an environment where all members of civil society can act freely. In celebration of the International Human Rights day tomorrow, we met with human rights defenders to discuss the current human rights challenges in Myanmar.
Wednesday, December 10, 2014
LRDP and International Solidarity Center meeting at LRDP office
66th International Human Rights Day in Myanmar
၁၀၊ ၁၂ ၊ ၂၀၁၄ နေ့ တွင် ဧရာဝတီတိုင်း ဒေသကြီး ပြည်သူများ၊ လူ့ အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒေသဆိုင်ရာရုံးခွဲတို့ မှ ပူးပေါင်းကျင်းပသော ၆၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ အခမ်းအနားသို့  အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ တက်ရောက်အမှာစကားပြောကြားပေးခဲ့ပါသည်။
Tuesday, November 18, 2014
LRDP & ILO Trained for Hotel & Tourism workers ( Pagan , Nyaung Oo)
နေပြည်တော် ၊ပျဉ်းမနား၊ ချောက် ၊ပုဂံညောင်ဦး ဆက်တိုက်ခရီးဆက် ပြီး အလုပ်သမားသမဂ္ဂတွေ ဖွံ့ ဖြိုးရေး လက်ဆင့်ကမ်းနေတဲ့ထဲ မှာ ညောင်ဦးရဲ့ ဟော်တယ်အလုပ်သမားတွေ ကို သင်တန်းပေးရတာ အတော် စိတ်မကောင်းစရာပါ အလုပ်အချိန်အားလပ်ချိန်လေးတောင်မရလို့ မနက်စောစောနဲ့ ညဖက် သင်တန်းပို့ချရပါတယ် သူတို့တွေ လည်း လိုချင်လွန်းလို့ လာကြ ဆွေးနွေးကြတယ် မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံခြားခရီးသွားတွေ ရှေ့မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာ ပိုတွေ့ရတယ် ။ ကျမတို့ မှာ တာဝန်ရှိတယ် ရှင်တို့မှာလည်းတာဝန်ရှိတယ် နိုင်ငံတကာ အပြ သမဂ္ဂ တွေ နိုင်ငံတကာ အပြ အဖွဲ့ချူပ်တွေ နိုင်ငံတကာအပြ ဥပဒေသ တွေ မလုပ်ကြပါ နဲ့ ပြည်သူဘာမှမသိဘူး ပြည်သူမှာ အလုပ်သမားအခွင့်အရေး ဆိုတာ မသိသလို လုံးဝမရ၇ှိကြသေးဘူးမို့ ဒီ့ထက် အားစိုက်ပြီး ပြိုင်တူတွန်းကြရအောင်လို့
ILO & LRDP trained for Magwe,Phokhukuu,Yesakyo,Yenanchaung, Chauk District workers & Trade Unions
မကွေးတိုင်းတွင်းရှိ မင်းတုန်း၊ပခုက္ကူ၊ရေစကြို၊မကွေး၊ရေနံချောင်း၊ချောက် တို့ မှ မှတ်ပုံတင်ကျပြီး အလုပ်သမား အဖွဲ့အစည်းများအား ILO မှ ကုန်ကျစရိတ်တာဝန်ခံပြီး LRDP မှ စည်းရုံးရေး သင်တန်းပြုလုပ်နိုင်ရေးကို တာဝန်ယူက အလုပ်သမားရေးရာ ဖွံဖြိုးရန် အမှန်တကယ် အလုပ်သမား သမဂ`ဂအဖွဲ့ချုပ်ကြီး  ပေါ်ပေါက်ရန် သင်တန်းပို့ချခဲံကြသည်။
Saturday, November 15, 2014
LRDP & ILO trained at Mandalay Division
နေပြည်တော်ပျဉ်းမနား သကြားစက် ရုံ အပါအ၀င် ဆွာ ၊ လယ်ဝေး ၊ရေတာရှည် ၊ အေလာ ပျော်ဖွယ်တို့မှာရှိတဲ့ အလုပ်သမား သမဂ္ဂ တွေကို အလုပ်သမားသမဂ္ဂ အခွင့်အရေးဆိုင်ရာ သင်တန်းဖြစ်ပါတယ်။
Sunday, October 19, 2014
LRDP trained for Mandalay Division and Sagaing Division (NLD labour affair committee)
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိတိုင်း၊ခရိုင်၊ မြို့ နယ်အလုပ်သမားရေးရာကော်မတီ)၀င်များအားအလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ  ၁၈ရက်၊၁၉ ရက် အောက်တိုဘာလ ၂၀၁၄ နေ့ တွင်သင်တန်းပေးခဲ့ပါသည်။
သင်တန်းတွင်အလုပ်သမားရေးရာအငြင်းပွားမူဆိုင်ရာအကြောင်းအရာများ။လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့ စည်းခြင်းဆိုင်ရာ  မူဆိုင်ရာဥပဒေများအကြောင်းနှင့်အိုင်အယ်အိုနှင့် မြန်မာနိုင်ငံဆက်စပ်မူများအကြောင်းအရာများ ဆွေးနွေးခဲ့ပါသည်။
Saturday, October 18, 2014
LRDP meeting with Timothy Ryan Regional Program Director - Asia Solidarity Center
ရန်ကုန်မြို့ တွင်ရောက်ရှိနေသော အမေရိကန်နိုင်ငံ Asia Solidarity Center ၏ ဒါရိုက်တာ Timothy Ryan Regional နှင့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ နှင့် တွေ့ ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အလုပ်သမားများ၊ သမဂများနှင့် အနာဂတ်မြန်မာနိုင်ငံ အလုပ်သမားအရေးကိစ္စများအား ဆွေးနွေးခဲ့ပါသည်။
Sunday, October 12, 2014
Training for Trade Unions at Madalay Division
၉-၁၀-၂၀၁၄ နှင့် ၁၀-၁၀-၂၀၁၂ တွင် မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ် အမှတ်(၂) အထည်ချူပ်မှာတောင့်တင်းခိုင်မာသော အလုပ်သမားသမဂ္ဂ များ ပေါ်ပေါက်ရေး ရည်ရွယ်၍ သွားရောက်သင်တန်းပေးခဲ့ပါတယ် ။ သင်တန်းဖြစ်မြောက်ရေးနဲ့ စည်းရုံးဆောင်ရွက်မှုကို  LRDP မှ တာဝန်ယူပြီး သင်တန်း ကုန်ကျစရိတ် နဲ့ သင်တန်းသားများ ခရီးစရိတ်ကို ILO မှ တာဝန်ယူဆောင်ရွက်ပါတယ် သင်တန်းပို့ချပေးသူများမှာ ILO ၏ FOA ဌာန တာဝန်ရှိသူ မစ္စတာခရစ်စတိုဖာလန်း ၊ ILO မှ ဆရာမလေးဖြိုး နှင့် LRDP မှ ဒေါ်အိရွှေစင်ညွှန့် တို့ မှ ပို့ချခဲ့ပါတယ် ။ တက်ရောက်သည့် သမဂ္ဂ ပေါင်း ၂၀ နီးပါးရှိပြီး တက်ရောက်သူ အလုပ်ရှင် အလုပ်သမား စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ကြပါတယ် အပြန်အလှန်ဆွေးနွေးမှု များနှင့် အတူ ရှေ့အနာဂတ် အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ပေးနိုင်ဖို့ အားရစရာ သဘောထားများ အပြန်အလည်ရရှိခဲ့ပါတယ် ။ မြစ်သား၊ကျောက်ဆည် ၊မန္တလေး ၊ စဥ့်ကိုင် နှင့် စစ်ကိုင်းတိုင်းမှ အလုပ်သမားသမဂ္ဂများပါတက်ရောက်ခဲ့ကြပါတယ် ။
Monday, September 29, 2014
မည်သည့် အမည်ခံ အလုပ်သမားအဖွဲ့ ချုပ် နှင့် မျှမသက်ဆိုင်သော ဒေါက်တာ မင်းညို နှင့် ဒေါ်အိရွှေစင်ညွှန့်  LRDP အနေနှင့် အလုပ်သမားများအား သင်တန်းပို့ ချသွားမည်
၂၅- ၉-၂၀၁၄ မှာ ဒေါက်တာ မင်းညို နဲ့ အိရွှေစင်ညွန်ံ နှစ်ယောက် အုပ်ကံ မှာ အလုပ်သမား သမဂ္ဂတွေ ကို သင်တန်းပေးပါတယ် တချိန်က သမဂ္ဂ တခု မှာ အတူ ရှိပေ မဲ့ ကွဲ တော့ Dr မင်းညို ပါမလာ ဘူး အခု မြန်မာပြည်ထဲ ရောက်တော့ ပညာရှင် ဒေါက်တာ မင်းညိုကိုယ်တိုင် အာဏာရှင် --သမဂ္ဂအတု အယောင် ကို လက်မခံ တော့ ဘူး ဒါ့ကြောင့် ကျမ လက်တွဲပြီး သင်တန်း တူတူ ပေးတယ် လူထုအတွက် အလုပ်လုပ်ကြတယ် ကျမတို့ မှာ ပိုက်ဆံ မရှိဘူး ဆူညံနေတဲ့ နေပူနေတဲံ လိုင်းကားစီးပြီး ရန်ကုန်တိုင်း လှည်းကူး အုပ်ကံ အထိ သွားကြတယ် ပျော်တယ် ပြည်သူ နဲ့ အလုပ်သမား က အရမ်းလိုလားပါတယ်။
နေပြည်တော် လယ်ဝေးတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး သွားရောက်
၂၇- ၉-၂၀၁၄မှာ ကျမ ရဲ့ မွေးဇာတိဖြစ်တဲ့ နေပြည်တော်လယ်ဝေးနဲ့ အနီး အေလာမှာ လယ်သမားတွေ လယ်ရေမြုတ် မှု ရေဆိုးမြောင်းပြဿနာကို သွားရောက်ဖြေရှင်းရင် လယ်သမားတွေကို သမဂ`ဂ ဆိုင်ရာ သင်တန်းပို့ချခဲ့ပါတယ် အေလာ SB ကလည်းသူ့ တာဝန်အ၇ လာရောက်မေးမြန်းတဲ့ အခါ FOA ကို ၁၉၅၅ ထဲ ကမြန်မာက လက်မှတ်ထိုး ထားတာ ရှင်းပြလိုက်ပါတယ် ILO က အခမဲ့ စာအုပ်ဝေ ပေမဲ့ အစိုးရ ရဲ့တာဝန် ဆိုတာ သိအောင်ပြောပြလိုက်ပါတယ်။
LRDP မှ အလုပ်ရှင် အလုပ်သမား ပြဿ နာအား ၀င်ရောက်ဖြေရှင်း ညှိနှိုင်း အောင်မြင်
ဒီနေ့ အတော် ပျော်တယ် အလုပ်ရှင် အလုပ် သမားပြေလည်အောင်လို့ ကျမ တဦးတည်း စက်ရုံထဲ ၀င် ညှိနှိုင်းလိုက်တယ် တိုးမြင့်အောင် ကုမ္မဏီ က ဆန္ဒပြနေတာ တပတ်ကျော်ပြီ ကလေးတွေ က တောင်းဆို အလုပ်ရှင် က လိုက်လျောဖို့ ခက်ခဲ နဲ့ သေချာညှိနှိုင်းလိုက်တဲ့ အခါ ကျမ ကိုယ်တိုင် စက်၇ုံထဲ ကို ၀င်ခွင့်တောင်းပြီး အလုပ်ရှင် အလုပ်သမား လိုအပ်ချက်ကို မျှတ တဲ့ ပုံစံဆွေးနွေးတာ အောင်မြင်တယ် ပျော်လိုက်တာ အလုပ်သမား ၂ထောင် နီးပါး ဆန္ဒပြမှုရပ်ပြီး မနက် အလုပ်ဆင်းနိုင်တော့မယ် ရှားပါးစရိတ် ၄ထောင် ၅ထောင်ကနေ ၂သောင်းရပြီး ဒေးကြေး ၂၄၅ ကျပ် တိုးရရှိပါတယ် အလုပ်၇ှင် လည်း အတော် ညှိနှိုင်းရလွယ်တယ် သူ တကိုယ်ကောင်းစိတ် သိတ်မရှိဘူး အလုပ်သမားတွေ က လည်း စက်ရုံတွင်းပြေလည်ချင်တော့ ရလဒ်ကောင်းကို လှိုင်သာယာစက်မှုဇုံမှာ ဆန္ဒအကြီးအကျယ်မပြရပဲ အောင်မြင်ခဲ့ပါတယ်။
Monday, September 8, 2014
Capacity Building Training for Trade Unions
Sunday, August 17, 2014
ILO နှင့် LRDP ပူးပေါင်း၍ အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့ အားသင်တန်းပေး
မင်္ဂလာဒုံမြို့ နယ်ရှိအလုပ်သမား သမဂ္ဂ ၁၀ဖွဲ့ နှင့် အလုပ်သမားခေါင်းဆောင်များအား အိုင်အယ်အိုနှင့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ ပူးပေါင်းပြီး သင်တန်းပြုလုပ်ခဲ့ပါသည်။  သင်တန်းသို့  ILO  FOA ဌာန မှ အရာရှိ မစ္စတာ ခရစ်စတိုဖာလန်း မှလည်း လာရောက် ပို့ချခဲ့ သည်။ အလုပ်ရှင် ကိုယ်စားလှယ် ဘက်မှလည်း သင်တန်း သို့ တက်ရောက်ခဲ့သဖြင့် အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဆောင်ရွက်မှု အတွက် ယဉ်ကျေးမှု သစ် တရပ် တိုးတက်လာနိုင်မည်ဖြစ်သည်။
Monday, July 28, 2014
ဘဘဦးတင်ဦး မစ္စပီရားမား မစ္စတာ စတိမာရှယ် ဒေါက်တာမင်းညို နဲ့ ITF ဦးရွှေထွန်းအောင် တို့ရဲ့အလုပ်သမားရေးရာ ဆွေးနွေးမှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲကို ၂၆ရက်ဇူလိုင်လ ကတော်ဝင်နှင်းဆီ မှာကျင်းပခဲ့ပါတယ် ဆွေးနွေးပွဲကို ILO မှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာစတိမာရှယ် နဲ့ မစ္စပီရားမား အပါအ၀င် အလုပ်သမားရေးဆိုင်ရာကျွမ်းကျင်သူ နိုင်ငံတကာအတွေ့အကြုံရှိသူ များ မှ ဆွေးနွေးသင်ကြားသွားပါတယ် ILO နင့်အဖွဲ့ချုပ်မှ နာယကကြီး ဦးတင်ဦး အလုပ်သမားရေးရာ ဥက္ကဌ ဦးဝင်းထိန် နဲ့ ဒေါက်တာမင်းညို၊ ဦးရွှေထွန်းအောင်တို့ အားလုံးသောဆွေးနွေးသူတွေရဲ့သဘောတူညီချက်က အလုပ်သမားထုအတွက်စစ်မှန်တဲ့ သမဂ္ဂခေါင်းဆောင်တွေ ပေါ်ထွက်ဖို့ နဲ့ သမဂ္ဂအဖွဲ့ချုပ်ကြီး ပေါ်ပေါက်ဖို့ပါပဲ
Warkshop from NLD Labour Affair Committee & ILO
အဖွဲ့ချုပ်အလုပ်သမားရေရာအလုပ်ရုံဆွေးနွေးပွဲအား ILO နှင့် အလုပ်သမားရေးရာပညာရှင်များ မှပူးပေါင်းဆောင်ရွက်မှု