ပင်မစာမျက်နှာများ
Sunday, January 26, 2014
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား ရန်ကုန်မြို့ တွင်ကျင်းပ
 ၂၂-၁-၂၀၁၄ မနက် ၉ နာရီက ရန်ကုန်မြို့ မင်းဓမ္မလမ်း၊MCCခမ်းမမှာ
၁၃၀၀ပြည့်အရေးတော်ပုံစိန်ရတု အခမ်းအနား ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှူးများအဖြစ် မအိရွှေစင်ညွန့် ၊ ကိုနန္ဒစစ်အောင်၊ မစုစုနွေးတို့ မှ တာဝန်ယူခဲ့ပါတယ်။
မနက်ပိုင်းအစီအစဉ်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး နှင့် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် တင်သွင်းတဲ့ စာတမ်းတွေဖတ်ကြားခဲ့ပါတယ်။ ၁၁ နာရီမှာ သံဃာတော်တွေကိုဆွမ်းကပ်ပြီး ကြွရောက်လာတဲ့ ဧည့်သည်တော်များအား အကြွေးအမွေးဖြင့် ဧည့်ခံခဲ့ပါတယ်။
နေ့လည် ၁ နာရီမှာ စန္ဒယားတင်ဝင်းလှိုင် နဲ့အဖွဲ့က ၁၃၀၀ပြည့်အရေးတော်ပုံသီချင်း
နဲ့ အခမ်းအနားကိုပြန်လည်စတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီပွဲကိုမတက်ရောက်နိုင်တဲ့အတွက် သဝဏ်လွှာအား ကိုကျော်အောင်မှ
ဖတ်ကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယကကြီး ဦးတင်ဦး၊ဦးဝင်းတင် တို့မှ ၁၃၀၀ ပြည့် အရေးတော်ပုံနှင့်ပတ်သက်ပြီး အမှတ်တယ စကားပြောကြားပေးခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင် မှလည်း အရေးတော်ပုံများနှင့် ပတ်သက်ပြီး ပြောကြားပေးခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်မှ ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ယနေ့ ကာလအခြေအနေများကို ပြောကြားပေးပါတယ်။ 
No comments:
Post a Comment