ပင်မစာမျက်နှာများ
Wednesday, April 30, 2014
124th anniversary Mayday statement of LRDP
LRDP trained about Labour Rights ( Ma Au Pin Township, Irrawaddy Division)
သင်တန်းစီစဉ်သူ တက်ရောက်သူ မောင်လေးတယောက်ဟာ ဆယ်တန်းကို ဆေးဝင်တာတောင် ဆေးကျောင်းမတက်ပဲ E- မေဂျာပဲယူပြီး မိဘကို လုပ်ကျွေးနေတယ်။ကျူရှင်ဆ၇ာလေးအဖြစ်အသက်မွေးပေမဲ့ ပရဟိတ စိတ်အားကြီးတာကြောင့် ဘ၀ရပ်တည်ရေး မနည်းရုန်းကန်နေရတယ် ။ ကျူရှင်ဆရာများ သမဂ္ဂ အတွက် သူကြိုးစားနေပါတယ် ။
( အလုပ်သမားတွေကိုယ်တိုင် ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာ ရှင်းလင်းတင်ပြနိုင်တဲ့အထိလေ့ကျင့်ပေးခဲ့ပါတယ်)
ဒီကနေ့ ဧရာဝတီတိုင်း မအူပင် က အလုပ်သမား တွေ ရဲ့ ဖိတ်ကြားမှုကြောင့် အလုပ်သမား အသိပညာပေး မှုကို သွားရောက်ဆောင်ရွက်ခဲ့ပါ
တယ် ။ ကျေးရွာ က ငါးဖယ်အို နဲ့ ကွဲဂတ် ရွာ ၂ခုက အလုပ်သမားရေးစိတ်ဝင်စားသူတွေ ပရဟိတ အခြေခံရှိသူတွေနဲ့ အလုပ်သမားသမဂ္ဂ နဲ့ သမဂ္ဂရေး အစွမ်းကုန်ကြိုးစားချင် တိုးတက်ချင်သူတွေ တက်ရောက်ခဲ့ပါတယ် ။ စက်မှုဇုံတွေ မှာ သင်ကြားရတာ ထက်သာတဲ့အချက်တွေက ဒီရွာသားတွေ လူမကြောက်ဘူး အပြန်အလှန်ဆွေးနွေးရဲတယ်။ တိုးတက်ချင်စိတ်လည်း ကြီးကြတယ် ။ ကိုးမိုင်ခွဲ အထိရွာလမ်း (ဖုန်းတထောင်းထောင်း) ကို ဆိုင်ကယ်ကိုယ်စီ စီးပြီကြိုပို့ကြပါတယ် ။
Sunday, April 27, 2014
2nd Conference of Myanmar Trade Unions Federation
ဒီကနေ့ MTUF ရဲ့ ဒုတိယအကြိမ် ညီလာခံ အောင်မြင်စွာပြီးဆုံးပါတယ် ။ ရွေးကောက် ပွဲ ပုံစံကို ကျမသေချာလေ့လာခဲ့ပါတယ် ။ ရန်ကုန်တိုင်းအပြင် အခြားတိုင်းနဲ့ပြည်နယ်က အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေပါသလို သူတို့ အမှုဆောင်လုပ်ဖို့ ဆန္ဒရှိသူတွေကို အဆိုတင်သွင်းဝင်ရောက် ရွေးချယ်ခံခွင့်ပြုတာတွေ့ရပါတယ်။ ၂၀၁၂ က အစပြုလို့ ယနေ့အချိန်မှာ ယခုလောက် စုရုံးဆောင်ရွက် နိုင်တာကိုက ကျမတို့ကြိုဆိုကြရမှာပါ။ (အတိုက်အခံ အင်အားစုထဲက မြန်မာပြည်ကို အပြေးပြန်ပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး အလုပ်သမားထု ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အလုပ်သမားရေး အဓိက ထားဆောင်ရွက်နေတဲ့ ကျမအဖို့ ဒီနေ့ ရွေးကောက်ပွဲကို ပီတိဖြစ်ရပါတယ် ။) ဘယ်သူ့ သြဇာမှ မခံပဲ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် ရွေးကောက်နေတာမြင် လို့ အလုံးစုံ ပြီးပြည့်မစုံသော်ငြား အနာဂတ်အတွက် ကောင်းတဲ့အလားအလာဆိုတာ မြင်ခဲ့ရပါတယ်
Friday, April 11, 2014
ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်ဝန် နှင့် ထိုင်းအတွင်းဝန် (၀န်ကြီးအဖွဲ့) တို့နှင့် ရင်းနှိးစွာ နှစ်နှိုင်ငံ အကျိုးရှေးရှု၍ ဆွေးနွေးဖြစ်
ဒီမိုကရေစီ အင်အားစုထဲက ကျမတို့သုံးယောက် အပြင် ။ ကြံ့ခိုင်ရေး မှလွှတ်တော်ကိုယ်စားလှယ် ၃ယောက် ကျားဖြူ မှ လွှတ်တော်ကိုယ်စားလှယ် တယောက် လွှတ်တော်ရုံးအရာရှိ ၃ဦး တို့ ထိုင်းနိုင်ငံ အစိုးရ က ရေရေလည်လည် မောင်းနှင်ပါတယ် ဈေးဝယ်တောင် ကောင်းကောင်းမထွက်ရပဲ သူ့ နိုင်ငံ နေရာအနံ့နီးပါးနဲ့ လွတ်တော်ခေါင်းဆောင်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေ ဌါနဆိုင်ရာတွေ နဲ့ မီတင်တွေ လုပ်ရပါတယ် ။ ကျမ အလုပ်သမားတွေ အတွက် အကျိုးရှိနိုင်မှာတွေ တင်ပြခဲ့ပါတယ် ။
Youth Leadership Forum at Thailand
ထိုင်းအစိုးရရဲ့ အဓိက ဖိတ်ကြားရခြင်းအကြောင်းရင်း က ဂိတ်တွေတရားဝင်ဖွင့်နိုင်ဖို့နဲံရင်းနှီးမြုတ်နှံရေး ဘဏ် အခြေအနေ (ငွေကြေးတည်ငြိမ်မှုရှိမရှိ) ဒါတွေ အဓိက ဖြစ်ပါတယ် ။ကျမကတော့ ကျမတို့ရွှေ့ပြောင်းအလုပ်သမားတွေ ဘ၀ အာမ ခံရနိုင်ရေး တင်ပြခဲ့ပါတယ်။
ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ရဲံဖိတ်ကြားမှု ကြောင့် ကျမ ထိုင်းမြေကို မြန်မာပြည်ပြန်လာပြီး ၂နှစ် အကြာ မှာပြန်လည် သွားရောက်ဖြစ်ပါတယ် ။ ဒီတခါတော့ ခိုလှုံဖို့သွားရတာ မဟုတ်ပဲ ဖိတ်ကြားခံရတာဖြစ်ပါတယ် ။ထိုင်းအစိုးရရဲ့ အတွင်းဝန် ၊ ခရိုင်ဝန် ၊လွှတ်တော်ကိုယ်စားလှယ် ၊ တက္ကသိုလ်မှပါမောက္ခများ၊ Centara ဟော်တယ်ပိုင်ရှင် များအပါအ၀င် ထိုင်းစီးပွါးရေးလုပ်ငန်းရှင် များနဲ့တွေ့ဆုံခဲ့ရပါတယ် ။ထိုင်းဘုရင့်နန်းတော် ၊နန်းတော်ဟောင်းများကို လေ့လာခွင့်ရခဲ့တဲ့အပြင် တနင်္သာရီတိုင်း အတွင်းနယ်စပ် မြို့  မောတောင် မြို့ (မြန်မာပြည်ဖက်ခြမ်းကိုလည်းပို့ပေးခဲံ့ကြပါတယ်) ဒီအပြင် ပင်လယ် ကမ်းနားမှာလည်း ခမ်းနားစွာ ထိုင်းယဉ်ကျေးမှုအကများနဲ့ ကြိုဆိုဖျော်ဖြေခဲ့ကြပါတယ် ။ မြန်မာဖက်က လွတ်တော်ကိုယ်စားလှယ် ၄ဦး ပြည်ထောင်စုလွှတ်တော်ရုံးအမျိုးသားလွှတ်တော်ရုံး မှ အရာရှိ ၃ဦး ၊စကိုင်းနက်မှ ကိုစူး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျမ်းမာရေးကွန်ရက်မှ အတွင်းရေးမှုးအဖွဲ့ဝင် ဒေါက်တာစုမြတ်နိုင်နဲ့  ကျမ အလုပ်သမားရေး ဆောင်ရွက်သူ စုစုပေါင်း ၁၀ဦး အားဖိတ်ကြားခံခြင်းဖြစ်ပါတယ်
Friday, April 4, 2014
Press Conference on Election of Myanmar workers Representative to attend the International Labour Conference
Educators Network meeting at ILO
Educators Network နဲ့ လည်း ပိုမိုနီးနီးကပ်ကပ်လုပ်ဆောင်နိုင်ဘို့ တွေဆွေးနွေးဖြစ်သလို LRDP နဲ့ ပါ အလုပ်တွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။