ပင်မစာမျက်နှာများ
Tuesday, May 20, 2014
EU & Myanmar Civil Society Forum on Human Rights
EU & MYANMAR CIVIL SOCIETY FOURM ON HUMAN RIGHTS
EU ရဲ့ အထူးကိုယ်စားလှယ် အဖွဲ့ မြန်မာပြည်အရေး သိချင်တာတွေ ဆွေးနွေးဖို့ CHATRIUM ဟော်တယ် ကိုဖိတ်ကြားတဲ့အတွက် ကျမ LRDP အနေနဲ့ တက်ရောက်ခဲ့ပါတယ် ။ ကျမအနေနဲ့ NGO အများစု ပါတဲ့ အစည်းအဝေးကို တက်တာ ဒါ ပထမဆုံးပါပဲ ။ ဒီမှာဆွေးနွေးမှုတွေ စိတ်ညစ်စရာလေးတွေ တွေ့ရသလို တချို့လူငယ်တွေ ကတော့ တော်လည်းတော် ထိထိမိမိ ဆွေးနွေးနိုင်တာလေးတွေ့ရပါတယ် ။ အထူးသဖြင့်တော့ ကျမတို့ တိုင်းရင်းသားအဖြစ် ဘယ်တော့ မှ လက်ခံမှာ မဟုတ်တဲ့ ရိုဟင်ဂျာ ကိစ္စတွေ တင်လာတာ စိတ်ပျက်စရာပါပဲ။ ကျမ အိန္ဒိယနွယ်ဖွါးတွေ ကို လူသားလို အမြင်ရှိလို့မမုန်းပါဘူး ၊ မြန်မာပြည်က အိန္ဒိယနဲ့ ပူးတွဲ အုပ်ချုပ်ခံခဲ့ရလို့  အလိုတော်ရိတွေအနေနဲ့ မြန်မပြည်ပါလာသလို သူဌေးက ချစ်တီး ဆင်းရဲတဲ့ လူက လယ်ကူလီ စတာတွေ နဲ့ မျိုးနှောရတဲ့ ကပြားဆိုတာတွေ ရှိနေတာ လက်မခံလို့မရတဲ့ ။မြန်မာပြည်သား အိန္ဒိယ နွယ်ဖွါးတွေပါ။ ရွေးချယ်ခွင့်မရှိပဲ လူဖြစ်လာသလို ရွေးချယ်ခွင့်မရပဲ ဘာသာဝင်တွေ ဖြစ်လာကြတာကိုး ။။မြန်မာပြည်အပေါ် မျိုးချစ် တိုင်းချစ်ပြည်ချစ်စိတ်လည်း အိန္ဒယနွယ်ဖွါးတွေမှာ ရှိနေကြပါပဲ ။။ ဒါပေမဲ့ တိုင်းရင်းသား ဖြစ်ခွင့်တော့ မရှိပါဘူး ၊ အိန္ဒယ က အိန္ဒယ ဘင်္ဂလားက ဘင်္ဂလားပေါ့ ။ သူတို့မှာလည်း သူတို့သက်ဆိုင်တဲ့ လူမျိုးဂုဏ်တွေရှိပါတယ် ။ ဒါကို ဘာလို့များ မြန်မာပြည်က တိုင်းရင်းသားဖြစ်ချင်ကြပါလိမ့်လို့ မကြေမချမ်းဖြစ်မိတယ် ။ အစည်းအဝေးမှာအမျိုးသမီးအဖွဲ့ အများစုကလည်းမြို့စောင့် ကို တင်ပြကြတယ် ။ ဟုတ်.တယ် ဒါလည်း ဥပဒေပြဌါန်းရမဲံ့ ကိစ္စမှမဟုတ်ပဲ ကိုယ့်အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းဖို့က စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးဝတ် (၀တ္တရား)မှာ ကိုက ပါပြီးသား သံဃာ့ ၀တ် (၀တ္တရား) ဟုတ်ဘူးထင်တယ် ။ ဆွေးနွေးပွဲမှာ အင်္ဂလိပ်လိုကြည့်ဆွေးနွေးကြတယ် ကျမ အင်္ဂလိပ်လိုသိတ်မပြောရဲသေးတာရော နားထောင်တဲ့ အလေ့အထကို ပိုကြိုးစားကြည့်နေတာမို့ ။။ ကျမတင်ပြရမဲ့ အလုပ်သမားဥပဒေ အားနည်းချက်တွေ အခု နောက်ဆုံး အလုပ်သမားပြဿနာအခြေအနေကိုစာရေးပြင်ဆင်လာတဲ့အတိုင်း EU အထူးကိုယ်စားလှယ် လက်ထဲ ထဲ့ပေးလိုက်ပါတယ် ။ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ လူကြီးပိုင်းအချို့ရှိပေမဲ့ NGO က အတော်များများကတော့ NGO ဆိုတဲ့အတိုင်းပဲ တင်ပြသွားပါတယ် ။ ရံခါ စာတက်ပေတက်များ လက်တွေ့နဲ့လွှဲနေတာမို့ ကျမတို့ လူ့အခွင့်အရေးဆိုတာ ----ဟင်း လို့ သာ  သက်ပြင်းအခါခါချမိပါတယ် ။။
Sunday, May 18, 2014
We trained PATHEIN Township (Irrawaddy Division)
အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့် ၂၀၁၁ ဥပဒေ နှင့် ၂၀၁၂ အငြင်းပွါးမှုဖြေရှင်းရေးဥပဒေ FOA နှင့် ILS အား ပုသိမ်မြို့ရှိ ပညာပါရမီကျောင်းတွင် ILO ၏ အစီအစဉ်ဖြင့် သွားရောက်သင်ကြားခဲ့သည်။
Thursday, May 1, 2014
124th Mayday anniversary in Yangon
မြန်မာနိုင်ငံ အလုပ်သမားရေး ရင်လေးစရာတွေ အများကြီးတွေ့လာရပေမဲ့ ဇွဲမလျော့ကြနဲ့ပေါ့။