ပင်မစာမျက်နှာများ
Monday, June 30, 2014
Closed the Master Sport Shoe Factory in Hlaing Thar Yar Industrial Zone
အဆိုပါစက်ရုံတွင် အလုပ်သမားစုစုပေါင်း ၈၀၀ ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး လုပ်ခလစာရရှိရေးနှင့် နစ်နာကြေးများရရှိရေးတို့ အတွက် မြို့ နယ်ညှိနှိုင်းဖျန်ဖြေအဖွဲ့ မှ အလုပ်ရှင်အား လာရောက်ဖြေရှင်းရန် အကြောင်းကြားသော်လည်း  အလုပ်ရှင်မှလာရောက်ရန်ပျက်ကွက်ခဲ့ကြောင်းသိရပါသည်။
Friday, June 27, 2014
CSOs network for migrant meeting at ILO Yangon
Monday, June 23, 2014
အနှေးယာဉ် အလုပ်သမား သမဂ္ဂ ဟသာင်္တ မြို့တွင် ဖွဲ့စည်း မှုအား LRDP မှ ကူညီဆောင်ရွက်ခဲ့
ဟင်္သာတ မြို့မှ ပထမဆုံးသော် အနှေးယာဉ် အလုပ်သမား သမဂ`ဂ ထူထောင်ခဲ့သည်။
မဆလ လက်ထက်မှစ၍ ယနေံထိတိုင်း အစည်းအရုံး ကော်မတီခေါင်းဆောင်များအောက်တွင် အနှေးယာဉ် ဂိတ်ပေါင်း ၉၄ ဂိတ်နှင့် အစီးရည် နှစ်ထောင်ကျော် ထိမ်းချုပ်ခံရဆဲဖြစ်ပြီး နှစ်စဉ်ကြေးလည်းပေးသွင်းနေရဆဲဖြစ်သည်။ အနှေးယာဉ် အလုပ်သမားများပိုင်သော ရုံး အား ဦးစီးကော်မတီ များမှ ငှားစားထားသည်။ အလုပ်သမားများ နှစ်စဉ်ကြေးပေးရသော်လည်း ခံစားပိုင်ခွင့်မရှိပေ။ သို့ အတွက် မိမိတို့ LRDP မှ ၂၀၁၁ အလုပ်သမားအဖွဲ့ ဖွဲ့စည်းပုံသည် လက်ရှိ အလုပ်သမားများ ဖွဲ့စည်းပိုင်ခွင့် မူဖြစ်သည် သို့ အတွက် ယခင် ထိမ်းချုပ်ထားသည့် ကော်မတီ များ နှင့် မဆိုင်ပေ ။ မိမိတို့ဖက်မှ အဖိနှိပ်ခံရသော်အလုပ်သမားများ ၄င်းတို့ ကံကြမ္မာ ၄င်းတို့ ကိုယ်တိုင် ဖန်တီးခွင့် မူလ အခွင့်အရေး အား လမ်းညွှန်ပေးခဲ့သည်။
ခေါင်းဆောင် (၇)ဦး တင်မြောက်ခဲ့ကြ
ဥက္ကဌ --ဦးလှသိန်း
အတွင်းရေးမှုး- ဦးမြင့်စိန်
ဘဏ္ဍာရေး - ဦးမင်းဇော်ခိုင်
အဖွဲ့ဝင် ၁- ဦးမြင့်အောင်
၂- ဦးကျော်လှိုင်
၃- ဦးကော်စွာထွန်း
၎- ဦးကံ
Training & Foundation of Trishaw Pedallers' Association at Irrawaddy Division
အနှေးယာဉ် အလုပ်သမားများ အခြေခံ အဖွဲ့အစည်း (ဟင်္သာတမြို့) ကို ၂၁ရက် ဇွန်လတွင် ဟင်္သာတမြို့ ဓမ္မ ဗိမာန် ကျောင်းတိုက်(ပန်းဘဲတန်းရပ်)တွင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းနိုင်ရေး အတွက် နည်းလမ်းများကို
လည်းကောင်း မှတ်ပုံတင်နိုင်ရေး
အတွက် ၂၀၁၁ အလုပ်သမားအဖွဲ့ဖွဲ့စည်းခွင့်ဆိုင်ရာများကို အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ
အဖွဲ့မှ ဥက္ကဌ ၊တွဲဖက်အတွင်းရေးမှုး၊စည်းရုံးရေးမှုးနှင့် နိုင်ငံတကာဆက်သွယ်ရေးတာဝန်ခံတို့ မှ ဟင်္သာတမြို့
သို့ သွားရောက် ၍ ဖွဲ့စည်းပြီးသည်အထိကူညီဆောင်ရွက်ပေးခဲ့သည်။ ဟင်္သာတမြို့တွင် အနှေးယာဉ် အရည်
အတွက် ၂၁၇၅ ကျော် ရှိပြီး တရားဝင် ဂိတ်ပေါင်း ၉၄ဂိတ်ကျော်ရှိသည်။ အနှေးယဉ် ကြီးကြပ်ရေးကော်မတီသည် လွန်ခဲ့သည့် မဆလ လက်ထက် ကတည်း က ယနေ့ထိတိုင်တည်ရှိသော်လည်း အနှေးယာဉ်များထံမှ နှစ်စဉ်
ကြေး ပုံမှန်ကောက်ခံလျှက်ရှိပြီး အနှေးယာဉ် မောင်းများ၏ အခက်အခဲများပြဿနာရပ်များ ကို ကူညီဖြေရှင်း
ဆောင်ရွက်ပေးခြင်းမရှိပေ။ သို့အတွက် ယနေ့ခေတ်တွင် အလုပ်သမား အဖွဲ့ ဖွဲ့စည်းခွင့်ရသည်နှင့်အညီ အလုပ်သမား အသင်းအပင်း ဖွဲ့စည်းနိုင်မှသာ အနှေးယာဉ်အလုပ်သမားများ အခွင့်အလမ်းများကို စုပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် LRDP မှ နည်းလမ်းမှန်စွာ ဖွဲ့စည်းနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဥက္ကဌ --ဦးလှသိန်း
အတွင်းရေးမှုး- ဦးမြင့်စိန်
ဘဏ္ဍာရေး - ဦးမင်းဇော်ခိုင်
အဖွဲ့ဝင် ၁- ဦးမြင့်အောင်
၂ ဦးကျော်လှိုင်
၃ ဦးကော်စွာထွန်း
၎ ဦးကံ တို့ မှ အမှုဆောင်များအဖြစ်ရွေးချယ်တင်မြောက်ခံခဲံရပြီး ဖွဲ့စည်းရေးအား အနှေးယာဉ် အလုပ်သမား ၄၉ ဦးတက်ရောက် ခဲ့ပြီါ် အဖွဲ့ဝင် အားလုံး
၅၀၀အထက်တွင်ရှိသည့်အနှေးယာဉ်အလုပ်သမားများသဘောတူညီချက်ဖြင့်ဖွဲ့စည်းခဲ့သည်
Wednesday, June 18, 2014
ကျမတို့ တရားခံများ ဖြစ်ပြီလား
                                ကျမတို့ တရားခံများ ဖြစ်ပြီလား
         အလုပ်သမားရေး လို့ပြောရင် ခု မြန်မာနိုင်ငံတ၀ှမ်းမှာ လှုတ်ခတ်မှုများစွာ အသံတွေကြားနေကြရမှာပါ။
အလုပ်သမားထုအတွက်အခွင့်အလမ်းတွေများရလာပြီလားဆိုပြီး သမဂ္ဂဖွဲ့စည်းရေး အားသွန်ခွန်စိုက်ကြိုးစားကြ
တဲ့ အခြေခံ အလုပ်သမားလေးတွေ အတွက်တော့ အခွင့်အလမ်း ဘယ်ဆီနေမှန်း မသိပေမဲ့ အလုပ်သမားရေးကို လွှမ်းမိုးဖို့ ကြီးစိုးဖို့ ကြံစီနေသူတွေတော့ အင်နဲ့အားနဲ့ ပြိုင်ကြဆိုင်ကြ အပြေးအလွှား နေရာတွေ ယူလိုက်ကြတာ အခြေခံအလုပ်သမားထု ဘ၀ ဘယ်လိုများ တိုးတက်မြှင့်မားအောင်စွမ်းဆောင်ကြမလဲဆိုတာ စဉ်းစားစရာဖြစ်လာတာတော့ အမှန်ပါပဲ ။
        အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ တက်ရောက်ခွင့်ရရေး အလုပ်သမားကိုယ်စားလှယ်ဖြစ်ရေးဟာ အလုပ်သမားရေးကိုစေတနာပါသူတွေ အတွက်တော့ အလုပ်သမားတွေ ဘ၀ ငါတို့ က ထိထိရောက်ရောက်ညီလာခံကြီးမှာ တင်သွင်းနိုင်မှာဆိုတဲ့ ကိုယ်စားပြုမှုအပြည့်နဲ့ သွားချင်သူတွေ ဖြစ်မှာပါ။
ဒါပေမဲ့ ဒီလိုမဟုတ်ပဲ ကိုယ့် အတ္တတွေ နဲ့ အလုပ်သမားအခြေခံသမဂ္ဂလေးတွေ ကိုအသုံးချ ပြိုင်ကြဆိုင်ကြ အငြင်းပွါးကြရတယ်ဆိုရင် အဲဒီ့ကိုယ်စားလှယ်က ကိုယ် ပြည်ပနိုင်ငံကိုထွက်ပြီး ညီလာခံကြီးတက်ခွင့်ရဖို့ပဲ ရည်ရွယ်တဲ့သူတွေသာဖြစ်ပါတယ်။
            ညီလာခံကြီးမှာ မြန်မာအလုပ်သမားထုရဲ့ လက်ရှိ အခြေအနေမှန် ဘ၀မှန်ကိုတင်ပြပြီး အလုပ်ရှင်အများစုရဲ့မတရားမှု၊အစိုးရရဲ့အလုပ်သမားဥပဒေအတိုင်းလိုက်နာဆောင်ရွက်နိုင်မှု အားနည်းနေ သေး
တာတွေကို ဖြစ်စဉ်အမှန် အတိုင်းတင်ပြဖို့ ရည်ရွယ်ချက်က နည်းနည်းရယ်မို့ တကယ်ပဲ အလုပ်သမားတွေအတွက် စိတ်မကောင်းဖြစ်မိ ၀မ်းနည်းမိပါတယ် ။ယနေ့အထိ မြန်မာအလုပ်သမားထုကို ရိုးသားစွာဦးဆောင်မှုပေးမဲ့အလုပ်သမားထုထဲက အလုပ်သမားခေါင်းဆောင်စစ်စစ်မပေါ်ပေါက်သေးတဲ့အပြင် အခြေခံအလုပ်သမားအဖွဲ့လေးတွေကို နည်းပေါင်းစုံနဲ့ လက်ဝါးကြီးအုပ်ဖို့ လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးစားလာသူတွေ ရဲ့ အောက် အလုပ်သမားအဖွဲ့အစည်းလေးတွေရောက်သွားတာ တော့ ကူညီဆောင်၇ွက်ပေးနေတဲ့ ကျမတို့လည်းတာဝန်မကင်းတာမို့ အခြေခံသမဂ္ဂလေးတွေ ကို အစဦးဆုံးဖွဲ့စည်းနိုင်ဖို့ ကြိုးစားပေးခဲ့တဲ့ ကျမတို့များ တရားခံ ဖြစ်ပြီလားလို့ ခံစားရပါတယ်
                ခုချိန်ထိ မြန်မာပြည်မှာ ခိုင်မာတဲ့ သမဂ၊္ဂ အလုပ်သမားတွေ အပေါ်ကိုယ်စားပြုမှု ရှိတဲ့ သမဂ္ဂ မပေါ်သေးဘူးလို့ ကျမတို့ က ရင်လေးတဲ့ အသံ နဲ့ ပြောမိလေတိုင်း နိုင်ငံတကာအတွေ့အကြေုံရှိတဲ့ အထူးသဖြင့် အလုပ်သမားအရေး ကောင်းကောင်းနားလည်တဲ့ နိုင်ငံခြားသားတိုင်း မအံ့သြကြသလို ကျမတို့လိုလည်း စိုးရိမ်ပုပန်ဟန် သိတ်မရှိကြပါ။ အဲလိုပြောလို့သူတို့ က ကိုယ့်နိုင်ငံသားမှ မဟုတ်ပဲ ပူပင်ကြပါ့မလားလို့ မေးဖွယ်ရာရှိပါတယ် ။  တကယ်ပဲ လုံးဝ သမဂ္ဂ အဖွဲ့အစည်းတွေ မဖွံ့ဖြိုးနိုင်မကြီးထွားနိုင်ဖြစ်ခဲ့ရင်ဖြင့် သူတို့တွေလည်း စိုးရိမ်ပူပန်ကြပါတယ် အလုပ်သမား သမဂ္ဂဆိုတာ နယ်မခြားပါဘူး တကမ္ဘာလုံးက အလုပ်သမားထု သွေးစည်းညီညွှတ်ရမယ်ဆိုတဲ့ သဘောတရား သူတို့မှာရှိသလို ခံစားချက်လည်းရှိကြပါတယ်။ဒါဆို မအံ့သြကြဘူး စိုးရိမ်ပူပန်ဟန်မရှိဘူးလို့ ဘာကြောင့်ပြောသလဲ စောဒက တက်ဖွယ်ရာရှိပါလိမ့်မယ် ။ သူတို့ ကျော်ဖြတ်ခဲ့ရသမျှ သမဂ္ဂ အတွေ့အကြုံတွေအရ ဆို အများကြီး တည်ဆောက်ရဦးမယ် ပညာပေးမှုတွေဆောင်ရွက်ကြရဦးမယ် ရင်းနီးမှု ယုံကြည်မှုတွေ တည်ဆောက်ကြရဦးမယ် လို့ သူတို့ပြောပါတယ် ။ သာမာန်တိုင်းပြည်တွေထက် ကျမတို့နိုင်ငံက ပိုပြီး ကြိုးစားတည်ဆောက်ကြရဦးမယ် လို့ သူတို့နားလည်သလို ကျမလည်းနားလည်ပါတယ် ။
                  သို့ပေမဲ့ ဟိုမရောက်ဒီမရောက်ဒီမိုကရေစီ အပြောင်းအလဲကာလမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး အစပျိုး ကြိုးပမ်းရတဲ့ အလုပ်သမားတွေရဲ့ စတေးရမှု ပေးဆပ်ရမှု ကတော့ တနေ့တခြား စိတ်မချမ်းသာရလောက်အောင်များပြားလွန်းလှပါတယ် ။၂၀၁၂ခုနှစ် သမ၈္ဂဖွဲ့စည်းစကာလ မှာ ၁၀ခုမပြည်သေးတဲ့ အခြေခံသမဂ္ဂတွေထဲ က ရွှေပြည်သာကအထည်ချုပ်အလုပ်သမားလေး စိုးဇော်  နဲ့ ပို့ကုန်သွင်းကုန်းစိစစ်ရေး(SGS)က သမဂ္ဂ ခေါင်းဆောင်တွေ  အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ဘ၀ ယခုအချိန်အထိ သမဂ္ဂမဖွဲ့ခင်က အခြေအနေမျိုး အစားထိုး လို့ ပြန်မရသေးပါဘူး။
        ကျမအလုပ်သမားသမဂ္ဂ တွေ ဖွဲ့စည်းခွင့်ကျတော့မယ်ရယ်လို့ သိသိချင်း ဖေဖေါ်ဝါရီ ၂၇  ရက် ၂၀၁၂ နှစ်မှာ မြန်မာပြည်ကို အပြေးပြန်ခဲ့ပါတယ် ။ ရောက်ရောက်ချင်း ဘယ်ဆွေမျိုးညီအကိုမောင်နှမ တွေ ကို နုတ်ဆက်စကားတောင်လိုက်မပြောဖြစ်ပဲ အလုပ်သမားရေး ဆောင်ရွက်ဖူးသူတွေ ဆန္ဒရှိသူတွေ ကို လိုက်လံ တွေ့ဆုံပြီးမတ်လ(၇)ရက်နေ့မှာ ကျမတို့  လွတ်လပ်သော   အလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေး   ကော်မတီ
ကိုဖွဲ့စည်းခဲ့ကြပါတယ် ။ နာမည်ရွေးစဉ် ဘယ်ခေါင်းစဉ်နဲ့ သွားမလဲ ၀ိုင်းဝန်းစဉ်းစားကြစဉ် ကျမတို့ထဲ က ကျမတို့လို ထောင်ထွက် ရဲဘော်တစ်ဦးက သမဂ္ဂဖွဲ့မယ် အဖွဲ့ချုပ် ထောင်မယ် လို့ သူစဉ်းစားချက်ကိုတင်သွင်းပီး အားလုံးကိုဆုံးဖြတ်စေပါတယ် ။ ကျမ ပထမဆုံး ကန့်ကွက်ခဲ့ပါတယ် ။ ကျမတို့ဟာ လူထုအကျိုး လူထုထဲက အလုပ်သမားထုဖွံ့ဖြိုးဖို့ အလုပ်သမားထု ဘ၀ကို တွန်းတင်ပေးရမဲ့ သူတွေက အလုပ်သမားလည်းမဟုတ် လယ်သမားလည်းမဟုတ်ပဲ အလုပ်သမားသမဂ္ဂ မဖွဲ့သင့်ဘူး အလုပ်သမားသမဂ္ဂဆိုတာအလုပ်သမားတွေပဲ ဖွဲ့ခွင့်ရှိပြီး သူတို့ပဲ ပိုင်ဆိုင်ခွင့်ရှိရမှာ သူတို့အကျိုးအတွက် သူတို့ စုပေါင်းဆောင်ရွက်နိုင်အောင် ကျမတို့က လမ်းပြပေးရမှာ ဒါကြောင့်မို့ အလုပ်သမား သမဂ္ဂတွေ ဖြစ်မြောက်အောင် ကျမတို့ ဆောင်ရွက်မယ် သမဂ္ဂတော့ မဖွဲ့ဘူး ဆိုပြီး သဘောထားပေးခဲ့ပါတယ်။ နောက်ဆုံးအများစု ဆုံးဖြတ်ပြီး  လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ ကိုသာ M3 စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွဲ့စည်းပြီးကြောင်းကြေညာဖြစ်ပါတယ်။
             ဆိုလိုရင်းဟာ ဒီအဖွဲ့ကို မိတ်ဆက်ပေးဖို့ မဟုတ်ပါဘူး။ကျမတို့ တတွေ ဦးဆောင်ခွင့်ရမှုကို ရည်ရွယ်ချက် ၊ယုံကြည်ချက်နဲ့ လဲမပြစ်ခဲ့ပါဘူး။ အလုပ်သမားတွေ ဘ၀လွတ်လပ်တဲ့သမဂ္ဂတွေ  ထုထောင်ပေးဖို့သာအဓိက ရည်ရွယ်ခဲ့ပါတယ်။  ဒီလိုနဲ့ မြန်မာအစိုးရထုတ်တဲ့ ၂၀၁၁ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပါ နည်းလမ်းအတိုင်း သမဂ္ဂဖွဲ့စည်းမှုကို မြန်မာပြည်မှာ ကျမ တို့ ပထမဦးဆုံး အကောင်အထည်ဖေါ်ခဲ့ပါတယ် ။
                  အစိုးရ ခွင့်ပြုတဲ့ အလုပ်သမားဥပဒေကို ဥပဒေ ပါပြဌာန်းချက်အတိုင်းစနစ်တကျနည်းလမ်းအတိုင်း မှတ်ပုံတင်ခြင်းပြုလုပ်စေခဲ့တယ်။  ဖွဲ့စည်းမှုကို တိုက်တွန်းခဲ့ပြီး အလုပ်သမားတွေကိုယ်တိုင် ဖွဲ့စည်းတက်အောင်နည်းလမ်းပေးခဲ့ပါတယ် ။
        နည်းလမ်းအတိုင်းလို့ဆိုရာမှာ တရားခံများဖြစ်ပြီလားဆိုတဲ့ အကြောင်းရင်းက အဲဒီ့က စတာပါ။ကျမယုံကြည်ချက် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ လွှတ်လပ်ပြီးတရားမျှတတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး ဒီဖွဲ့စည်းပုံထဲမှာ အလုပ်သမားအကျိုးရှေးရှူတာ မပါသလို ပြည်သူတွေ ပြင်ခွင့်ပြောင်းခွင့်မရအောင် ကန့်သတ်ထားတာတွေ တပုံကြီးပဲ ဒါကို လူထုခေါင်းဆောင်က လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖေါ်နေတယ် ။ကျမတို့ လို အလုပ်သမားရေး  လေ့လာဆောင်ရွက်သူအနေနဲ့ ၂၀၁၁ အလုပ်သမားဥပဒေဟာ အားနည်းချက် တွေ မပြည့်စုံမှုတွေ ထိမ်းချုပ်ထားမှုတွေ ပါတာ သိတယ်။ သိပေမဲ့ ယခင်က အလုပ်သမားတွေကို ၅ယောက် တစုတောင် အလုပ်သမားရေးရာတွေ ဆွေးနွေးပြောပြဖို့ အခွင့်အလမ်းမရှိရာက ခု ဖွဲ့စည်းခွင့်ရတဲ့ ဥပဒေ ကို ရသလောက် လက်တွေ့အသုံးချပြီးအလုပ်သမားတွေကို စုရုံးခွင့် စည်းရုံးခွင့် သမဂ္ဂဖွဲ့ခွင့်တွေ ရတဲ့ နည်းလမ်းဟာ  ကျမတို့ အလုပ်သမားထု အတွက် အမှန်တကယ် အသုံးချရမဲ့နည်းလမ်းလို့ ယုံကြည်မှုနဲ့အတူ အခြေခံသမဂ္ဂပေါင်းများစွာကို နိုင်ငံတ၀ှမ်း ဖွဲ့စည်းနိုင်ရေး လိုက်လံဆောင်ရွက်ပေးခဲ့ပါတယ် ။
        အစိုးရ ခွင့်ပြုတာကတော့ အခြေခံ မှ မြို့နယ်အဆင့်၊ မြို့နယ်မှ တိုင်းဒေသကြီးအဆင့် ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာအဆင့် စသည့်ခွင့်ပြုထားတာမို့ အလုပ်သမားတွေကို အသိပညာပေးတဲ့အခါမှာ ပုံစံတကျဖွဲ့စည်းဖို့သာတိုက်တွန်းခဲ့ပါတယ် ဒါပေမဲ့ ဒီဖွဲ့စည်းပုံ ဟာ အားနည်းနေသေးတယ်။ မြန်မာနိုင်ငံက ၁၉၅၅ မှာ ILO (အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့) မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပြဌာန်းချက် -၈၇ နဲ့တော့ မကိုက်ဘူး နိုင်ငံတကာစံချိန်စံညွှန်းနဲ့ မကိုက်သလို ပြဌာန်းချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဟာ ဒီပြဌာန်းချက်ကို လိုက်နာရုံမဟုတ်ပဲ အကောင်အထည်ဖေါ်ရမှာကို အစိုးရ ရဲ့ အလုပ်သမားအဖွဲ့ဖွဲ့စည်းခွင့် ဥပဒေ က အများကြီး လိုက်နာမှုမဲ့နေတယ် သို့ပေမဲ့ လုံးဝအခွင့်အရေးမရှိခဲ့ မျက်စိနားအပိတ်ခံခဲ့ရတဲ့ ၂၅ နှစ်နှောင်းပိုင်းက စ ယနေ့ ရရှိတဲ့အခွင့်အရေးကို ရသလောက် ပိုင်ပိုင်နိုင်နိုင်အသုံးပြုပြီး သမဂ္ဂတွေသာဖွဲ့စည်းနိုင်ဖို့တိုက်တွန်းခဲ့ပါတယ် ။
            ဒီတိုက်တွန်းမှုဟာ တရားခံများဖြစ်ပြီလား ဆိုတဲ့ အတွေးကို ဆက်ပြီးတွန်းပို့ ပြန်ပါတယ် ။ တကယ်လက်တွေ့မှာ အခြေခံ သမဂ္ဂ အပါအ၀င် သမဂ္ဂစုစုပေါင်း ၁၀၉၉ ဖွဲ့ ရှိပြီဖြစ်တဲ့ ယနေ့အချိန်မှာတော့ အစိုးရ က (Direct) တိုက်ရိုက် အဖွဲ့ချုပ်တွေ ကို ဂျနီဗာ သို့ အလုပ်သမားကိုယ်စားလှယ်အဖြစ် သွားရောက်ရေး ဆုံးဖြတ်လိုက်ပါတော့တယ် ။ အစိုးရ ကိုယ်တိုင် သူ့ရေးဆွဲထားတဲ့ ဥပဒေကို သူမလိုက်နာတာပါ။။(အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးအမြင်နဲ့ ပြောရင် အလုပ်သမားသမဂ္ဂ  မှတ်ပုံတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရပ်တည်ခွင့် ရှိတာမို့ FOA (Freedom of Association ) အရ  တိုက်ရိုက်သော်လည်းကောင်း အရည်အတွက် အရသော်လည်းကောင်းအမျိုးအစားအရသော်လည်းကောင်း ဒေသအရသော်လည်းကောင်း ဖွဲ့စည်းခွင့်ရှိပြီး လွတ်လပ်စွာ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ခွင့်ရှိပါတယ် ) သို့သော် ကျမတို့ က အလုပ်သမားအဖွဲ့လေးတွေ အခြေခံကနေ မြို့နယ် စနစ်တကျဖွဲ့ကြနော် တဖြည်းဖြည်း တိုင်းအဆင့် ကနေ အဖွဲ့ချုပ်ဖြစ်လာတဲ့အခါ နိုင်ငံတကာနဲ့ လည်းအလုပ်သမားသမဂ္ဂတွေ တိုက်ရိုက်ဆက်သွယ်လို့ရပြီပေါ့ လို့ စနစ်တကျနည်းလမ်းပေးခဲ့ပြီး  .ခုအခါမှာတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ၄င်းတို့ ဥပဒေ ကို ၄င်းတို့ ချိုးဖောက်ပြီး အဖွဲ့ချုပ်အမည်ခံတဲ့  အဖွဲ့တွေကို အလုပ်သမားကိုယ်စားလှယ်အဖြစ် တိုက်ရိုက် ရွေးလိုက်ပြန်ပါတော့တယ် ။အဲဒီမှာ အစိုးရကိုယ်တိုင် လိုရင် အဖွဲ့ချုပ်တွေဆိုပြီးတိုက်ရိုက်ဆက်ဆံ၊ မလိုရင်တရားဝင်အဖွဲ့မဟုတ်ဘူး ဆိုပြီး ဆက်ဆံရေး မလုပ်တာတွေ တွေ့ရပါတယ် ။
           အစိုးရ ရဲ့  အလုပ်သမားအဖွဲအစည်း ဖွဲ့စည်းခွင့် ၂၀၁၁ ဥပဒေ စာအုပ်လေး ကျမတို့ ဘယ်ဂျောင်သွားထိုးထားရမယ်မှန်းတောင် မသိတော့ပါဘူး ။ ကျမတို့ ရဲ့ အဓိက ရည်ရွယ်ချက်က  အလုပ်သမားတွေ ကို နိုင်ငံတကာနဲ့ ဆက်ဆံပေးရမဲ့ဆက်ဆံရေးလမ်းကြောင်းအဓိက ထားတဲ့ သမဂ္ဂမျိုးလည်းမဟုတ်ဘူး၊ နေရာဒေသအသီးသီးမှာ ရုံးခန်းတွေဖွင့်ပြီး ကိုယ့်သြဇာအာဏာတည်ဆောက်မဲ့ သမဂ္ဂမျိုးလည်းမဟုတ်ဘူး ။ အစိုးရ    မှတ်ပုံတင်   ခွင့်ပြုချက်ရပုံစံ(၇)တွေစုပြီး    နှစ်စဉ်ILC     (အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ)သွားနိုင်ရေးအဓိက သမဂ္ဂတွေလည်းမဟုတ်ဘူး။ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲမှာသူတို့ ဘ၀ စားဝတ်နေရေးဖူလုံပြီး ဖွံ့ဖြိုးတိုးတက်လာစေမဲ့အရေးအဓိက ထားတဲ့ သမဂ္ဂတွေ ပေါ်ပေါက်စေချင်တာပါ  
          ဖွဲ့စည်းပုံအားနည်းချက်က တမျိုး၊ မလိုတမျိုး လိုတမျိုး အစိုးရရဲ့ ဆက်ဆံရေးက တစ်ဖုံ၊ အလုပ်သမားရေး ကို အခြေပြု  အရေခြုံပြီး  ကိုယ့်ကိုယ်ကိုယ်တည်ဆောက်လိုတဲ့ လူလည် လူနပ်တွေ ရဲ့ အလုပ်သမားများအပေါ် အသုံးချ အမြတ်ထုတ်နေမှုကလည်း တနေ့တခြားတိုးလာပါတယ်။ ကျမတို့ အလုပ်သမားထုအတွက် အစိုးရ ကိုလည်း ထောက်ပြရ ၊ အလုပ်သမားထုကိုအသုံးချပြီး ၀င်လာတဲ့ တောကြောင်တွေကိုလည်း သတိထား ဆက်ဆံရနဲ့  ရှေ့ ဒီလမ်း ဒီထက် ခက်ခဲကြမ်းတမ်းလာဦးမှာ သုံးသပ်မိပါတယ် ။
          အလုပ်သမားအခြေခံသမဂ္ဂလေးတွေ ဖြစ်ဖို့တင် အလုပ်ပြုတ်၊ နေရပ်ပြန်ရ၊ အဖိနှိပ်ခံရ၊ တဲ့ ရှေ့တန်းက တိုက်စစ်ဆင်ရဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင်လေးတွေကို စာနာထောက်ထားသင့်ကြပါပြီ အကြောင်းမဲ့ အကြမ်းဖက်လိုတဲ့စိတ်နဲ့ နေရာတကာ ဆန္ဒပြရေး ဦးဆောင်ပေးနေတဲ့ သူတွေ ကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလထဲက အလုပ်သမားတွေ ဘာမှသေချာနည်းမလည်သေးတာကို ဖွဲ့စည်းပုံစာအုပ်ကိုကိုင် နိုင်ငံတကာ စံချိန် စံညွှန်းတွေ ပြောပြီး အလုပ်သမားသမဂ္ဂ တွေ  ဖွဲ့ကြပါ ဖွဲ့ကြပါလို့ အကြံပြုအားပေးခဲ့တဲ့ကူညီဆောင်၇ွက်ပေးခဲ့တဲ့ကျမတို့များတရားခံဖြစ်ပြီလားလို့ခံစားမိတဲ့အတွက်နောင်အနတ်
အလုပ်သမားအရေး ရင်လေးစွာနဲ့ တင်ပြလိုက်ရပါတယ်။
                                                                                                     မေအိခင်(လယ်ဝေး)
Friday, June 13, 2014
CSOs Network for Migrants meeting with Thai Authority
LRDP မှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ကိစ္စရပ်များ၅ ရက်ကြာသွားရောက်ဆွေးနွေး ခဲ့ပြီး ယနေ့မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ ။ ILO မှ ရွှေပြောင်း ကွန်ယက် ဦးဆောင်မှုဖြင့် အဖွဲ့ ၆ဖွဲ့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်လည်းဆွေးနွေးခဲ့ပါတယ် ။ဘန်ကောက် ကနေ မဲဆောက် --ရောက်တော့ သူတို့ ဓါတ်ပုံကိုကြည့်ပြီး မဲဆောက်ကို လွှမ်းမိတယ် ။ ကိုယ် ရှစ်နှစ်တာ ခိုနားခွင့်ရခဲ့တာမို့ မဲဆောက် မှာကျန်ရစ် တဲ့ ရဲဘော်တွေ ကိုယ်တွေလိုပဲ နေ နေ နေကြရသေးတာ --- ကိုယ့်ပြည်ကိုယ့်မြေလောက်တော့ ဘယ်ပျော်ပါ့မလဲ ဒါပေမဲ့ ညဈေး ရဲ့ ညနေခင်းတချို့ ကျမ တို့ စိတ်အပမ်းဖြေခွင့်ရံခါရတာလေးတွေသတိရမိတယ် ။။မိတ်ဆွေမပျက် ချစ်ခင်လျှက် ကတော့ သူတို့ ရောင်းရင်း ရဲဘော်တွေပေါ့။။။ ဒေါ်စင်သီတာမောင်ဆေးခန်းကိုလည်း ရောက်ခဲ့ကြသေးတယ်တဲ့
Monday, June 9, 2014
လိုက်လို့မမှီတော့တဲ့ လှည့်ကွက်တွေ ထဲ --
မြန်မာပြည် က စေလွှတ်ရမဲ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားကိုယ်စားလှယ် ကို အစိုးရ က ရွေးချယ်ပေးမယ် ဆိုတဲ့ အခါ ကျမတို့ LRDP နဲ့ ALR က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ် ။ အစိုးရ က နောက်တဖန်ပြောင်းလဲပြီး အလုပ်သမားကိုယ်စားလှယ် လွတ်လွတ်လပ်လပ်ရွေးချယ်ဆိုပြီး ကနောင်ခန်းမ (လှိုင်သာယာ) မှာ အလုပ်သမားတွေ သဘောနဲ့ ရွေးချယ် ခွင့်ပြုခဲ့ပြန်ပါတယ် ။ တိုင်းအဆင့် ရန်ကုန်တိုင်းက ၅ဦးကိုရွေးချယ်ပြီး သဘောင်္သားအဖွဲ့ချုပ်က ၂ဖွဲ့ ၂ဦး တိုက်ရိုက်ကိုယ်စားလှယ် ကျန်တိုင်းနှင့်ပြည်နယ် ၁၃ခုက တစ်ဦးစီဆိုပြီး အားလုံးပေါင်း အယောက်၂၀ ကို တနိုင်ငံလုံး တိုင်းကိုယ်စားလှယ်တွေ အဖြစ် ရွေးချယ်ပြန်ပါတယ် ။သိတ်မကြာခင် ညွှန်မှုး ဦးမျိုးအောင်က ရွှေလိပ်ပြာ ဟော်တယ်မှာ ယာယီအဖွဲ့အချုပ် (၃)ခုကို ခေါ်ပြီး အလုပ်သမားကိုယ်စားလှယ်ညှိနှိုင်းစေပြန်ပါတယ်။ အဲဒီက စ ဘာတွေဘယ်လိုဖြစ်မသိပဲ မြန်မာပြည်ကိုယ်စားအလုပ်သမားကိုယ်စားလှယ်က လည်း ဘာတွေ စွမ်းဆောင်ခဲ့လည်း မသိ ။ အလုပ်သမားရေး ကိစ္စရပ် တနိုင်ငံလုံး အသံတွေ ဆူဆူညံညံ နဲ့ ကျမလည်း ဘယ်လို လှည့်ကွက်တွေ နဲ့ ဘာတွေ ဖြစ်တယ်ရယ်မသိ လိုက်လို့ ကို မမှီလောက်အောင် --ချာချာလည်နေပါတော့တယ် ။ (သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့စဉ်က )
Thursday, June 5, 2014
Labour Activist meeting with U Kyaw Myint Law Firm
၎-၅-၂၀၁၄ တွင် U Kyaw Myint Law Firm ဥပဒေပညာရှင်များအဖွဲ့နှင့် အလုပ်သမားရေးဆောင်ရွက်သည့်အဖွဲ့အစည်း ၅ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ သည်။ အနာဂတ် မြန်မာပြည်သူ့အရေး ပူးပေါင်းဆောင်၇ွက်ရန်အကြမ်းမျဉ်းဆွေးနွေးခဲံ့ကြသည်။